တိုက်ကြီး ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် ရည်ရွယ်လျက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာ အထက်တန်းကျောင်း (မြို့မ) တို့ ပူးပေါင်း၍ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာ အထက်တန်းကျောင်း (မြို့မ) ပညာရတနာခန်းမ၌ ကျင်းပသည်။
ရှေးဉီးစွာ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲအခမ်းအနားတွင် တိုက်ကြီးခရိုင်ပညာရေးမှူး ဒေါ်စန္ဒာဉီးနှင့် မြို့နယ်ပညာရေးမှူး ဉီးဌေးဌေးတို့က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဉီးစီးအရာရှိ ဒေါ်စန်းကလျာခိုင်၊ အခြေခံပညာ အထက်တန်းကျောင်း (မြို့မ) အထက်တန်းပြဆရာမ ဒေါ်မာလာဝင်း၊ ဒေါ်အေးအေးသန်းနှင့် မူလတန်းပြဆရာမ ဒေါ်သူဇာဝင်းတို့က အာဇာနည် နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို အကျယ်တဝင့် အသိပညာပေး ဟောပြောသည်။ ထို့နောက် Grade-11 မှ မောင်ရှိုင်းမင်းထက်၊ Grade -9 မှ မနန်းဆုပြည့်မိုး နှင့် Grade–5 မှ မောင်လူလူကျော်မှူးသွင်တို့က အာဇာနည်နေ့ သိကောင်းစရာ အကြောင်းအရာများကို ဆွေးနွေးဟောပြောပြီး အခြေခံပညာ အထက် တန်းကျောင်း(မြို့မ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ခင်းကျင်းပြသ ထားသော နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲအား ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
စန်းကလျာခိုင်