လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် စိုက်ပျိုရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီ မျိုးစေ့ချကိရိယာ(Seeder)ဖြင့် ဆင်းသုခမျိုးစေ့စိုက်ပျိုး

လှိုင်သာယာ(အရှေ့ပိုင်း) ဇူလိုင်  ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီ မျိုးစေ့ချကိရိယာ (Seeder)ဖြင့်စိုက်ပျိုးခြင်းကို ယမန်နေ့နံနက်ပိုင်း၌ ညောင်ကျေးရွာအုပ်စု ကွင်းအမှတ်(၃၈၁)၊ တောင်သူ ဦးဌေးကို၏ လယ်ယာမြေ ငါးဧက၌  ဆင်းသုခ မျိုးစေ့ စိုက်ပျိုးလျက်ရှိသည်။

စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်သူများ ၀မ်းစာဖူလုံရေးတို့အတွက် ဆန်စပါးအပါအ၀င်သီးနှံများ အထွက်နှုန်းတိုးမြှင်စေရေးစီမံဆောင်ရွက်ခြင်း၊ မျိုးကောင်းမျိုးသန့်ဖြန့်ဖြူးစိုက်ပျိုးခြင်း၊  ကြဲခင်းစိုက်ဧရိယာများတွင် စိုက်ခင်း (ရိုးရိုး၊ စိုက်ခင်း၊ တန်းလှပ်စနစ်၊ စက်စိုက်) များ၊ လုပ်သားလိုအပ်ချက်အနည်းဆုံးဖြစ်သည့် မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးခြင်း၊ အစားထိုးစိုက်ပျိုးရန်လယ်သမားများအား အသိပညာပေးခြင်းလိုက်နာ‌ ဆောင်ရွက်ရန် မှာကြားခြင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင်  စိုက်ပျိုး‌ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီကြဲခင်းစိုက်ဧရိယာများ၌ တစ်ဧကအထွက်နှုန်းတိုးတက်ရေးနှင့် ဆင်းသုခ မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးသည့်စနစ်သည် လုပ်သားလိုအပ်ချက် အနည်းဆုံးအစားထိုး စိုက်ပျိုး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းကို စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းစိုးက ကွင်းဆင်းရာ၌ တောင်သူ၊ပြည်သူများအား အသိပညာပေး ပြောကြားလျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ ( ပြန်/ ဆက် )