မာန်အောင်မြို့နယ်တွင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအတွက် စိုက်ပျိုးထုတ်လုပ်မှုကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်း စစ်ဆေးဆောင်ရွက်

မာန်အောင် ဇူလိုင်၁၁

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု ကြီးကြပ်ရေးအဖွဲ့က ယနေ့နံနက်၈နာရီခွဲတွင် မျှော်တော်ဦးကျေးရွာအုပ်စု၊ မျှော်တော်ဦးကျေးရွာ တောင်သူ ဦးငရေချို၏ ဆင်းသွယ်လတ် စပါးမျိုးစေ့ထုတ် စိုက်ခင်းစိုက်ပျိုးနေမှုအား သွားရောက်စစ်ဆေး ကြည့်ရှုခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ စိုက်ပျိုးထုတ်လုပ်မှုကြီးကြပ်ရေးအဖွဲ့ဝင်များက မျှော်တော်ဦးကျေးရွာအုပ်စု၊ မျှော်တော်ဦးကျေးရွာ ဦးပိုင်အမှတ်၁၄/၁ ၊ ကွင်းအမှတ်၈၄၆/ခ၊ တောင်သူ ဦးငရေချို၏ လယ်မြေ ၂ဧက တွင်ဆင်းသွယ်လတ်စပါး  မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးနေမှုအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့​ကြသည်။

မာန်အောင်မြို့နယ်၌  မီးလောင်ထောင့်ကျေးရွာအုပ်စုတွင် မိုးစပါး မျိုးစေ့ထုတ် စိုက်ဧက၂၅ဧက၊ ခအုန်းမော်ကျေးရွာအုပ်စုတွင် ၁၅ဧက၊မျှော်တော်ဦးကျေးရွာ အုပ်စုတွင်၂၀ ဧက၊တောထူ ကျေးရွာအုပ်စုတွင် ၄၀ဧက၊ စုစုပေါင်း မိုးစပါးမျိုးစေ့ထုတ် စိုက်ဧက ၁၀၀ ဧက ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းစောထံမှ သိရသည်။

သိန်းဖေ(ပြန်/ ဆက်)