ကျိုက်မရော ဇူလိုင် ၁၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အ.မ.က အထရံကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အ.မ.က အထရံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လပြည့်က ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦး၏ အကြောင်းကို ဟောပြောခဲ့သည်။
ထို့နောက် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးအောင်ညီညီခန့်က စားသုံးသူများ၏ အခွင့်အရေးနှင့် စားသုံးရန်မသင့်သော အစားအစာများနှင့်ပတ်သက်၍ရှောင်ရန် ဆောင်ရန်များနှင့် ရက်လွန်မုန့်များအား ကျောင်းသား၊ ကျောင်းသူများအား မစားသောက်ကြရန် ပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပညာပေးပြခန်းနှင့် နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)