ကျောက်ဆည် ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ် အင်တိုင်းကျေးရွာ အမှတ်(၁၁) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျောက်ဆည်မြို့နယ် အင်တိုင်းကျေးရွာ အမှတ်(၁၁) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်က ကျောင်းသားများ ဗလငါးတန်ဖွံ့ဖြိုးပြီး ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတများရရှိစေရေးအတွက် စာအုပ်များဖတ်ရှုကြရန် အမှာစကားပြောကြားပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်ခဲ့မှု သမိုင်းကြောင်းများ ဟောပြောခဲ့သည်။
ဆက်လက်ပြီး ရုပ်သံကျွမ်းကျင်-၃ ဒေါ်မိုးမိုးအေးမှ “ပညာရဲရင့်ပွဲလယ်တင့်” စေရန်နှင့် စာဖတ်ခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများကို ဟောပြောခဲ့ပြီး ကျောင်းသား/သူများက သုတရသစာအုပ်များ ဖတ်ရှုလေ့လာကာ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်းနှင့် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင်အသိ ပညာဗဟုသုတပြည့်ဝပြိး ဘက်စုံထူးချွန်ထက်မြက်စေရန် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲများကို လစဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်တင်ထွေး