မိုင်းခတ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

မိုင်းခတ် ဇူလိုင် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ဝေးလံသော တောင်ပေါ်ကျေးရွာများမှ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်မားစေရန် ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီခွဲအချိန်က ဝမ်ခုတ်ကျေးရွာအုပ်စု၊‌ ဝမ်ခုတ်ကျေးရွာ အခြေခံပညာမူလတန်း‌ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီ‌အောင်က (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေးရရှိရန် ကြိုးစားခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦး၏ အတ္ထုပ္ပတ္တိအကျဉ်းများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ခေါင်းဆောင်မှု စွမ်းရည်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည်နှင့် လူမျိုးအပေါ် စွန့်လွှတ်အနစ်နာခံကြိုးပမ်းခဲ့မှုများကို အသိပညာ‌ပေးပြောကြားပြီး ဝမ်ခုတ်‌ကျေးရွာ၊ အခြေခံပညာမူလတန်း‌ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများအား‌ ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်‌ပေးခဲ့သည်။

ထို့နောက် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများရရှိကြသော ကျောင်းသား၊ ကျောင်းသူလေးများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ပြီး အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိအကျဉ်း အသိပညာပေးစာစောင်များ ပြသခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)