မိုးကုတ် ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ဇူလိုင်လ (၃)ရက်နေ့က မိုးများအဆက်မပျက် ရွာသွန်းမှုကြောင့် မြို့နယ်အတွင်း နေအိမ်ထိခိုက်ပျက်စီးခဲ့သည့် သဒွတ်လျှိုကျေးရွာမှ အိမ်ထောင်စုဝင် (၂)စုအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းများအား ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါသဘာဝဘေးအန္တရာယ်ကြောင့် နေအိမ်ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စုဝင်(၂)စုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆန် (၈) ပြည်၊ ဆီ(၁)ပိဿာ၊ ကုလားပဲ (၁) ပိဿာ၊ ဆား (၁)ပိဿာ၊ ခေါက်ဆွဲခြောက်နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ Family Kit (၁)ပုံး၊ Hygnity Kit (၁)ပုံး၊ Dignity Kit (၁)ပုံး၊ တာပေါ်လင်စ (၁)ချပ်၊ Shelter Kit (၁)စုံ၊ အိပ်ယာခင်း /စောင် စသည့် အသုံးအဆောင်ပစ္စည်းများကို နေအိမ်ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စုဝင် (၂)စုထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကြည်ကြည်နွဲ့ (ပြန်/ဆက်)