မက်မွန်လောင်းကျေးရွာ မီးဘေးသင့်ဘုန်းကြီးကျောင်းသို့ ၀တ္ထုငွေများ သွားရောက်လှူဒါန်း

ခိုလမ်   အောက်တိုဘာ  ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့၊ ဟိုနောင်ကျေးရွာအုပ်စု၊ မက်မွန်လောင်းကျေးရွာအတွင်းရှိ လုလုံဘုန်ကြီးကျောင်းတွင် ယနေ့နံနက်ပိုင်းအချိန်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

အဆိုပါ မီးဘေးသင့်ဘုန်းကြီးကျောင်းသို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်    ဦးဆောင်အဖွဲ့က လုလုံဘုန်ကြီး ကျောင်းထိုင်ဆရာတော်ကြီးထံ ဆန်(၇) အိတ်၊ ဆီ(၃) ပုံး(ပိဿာ၃၀)၊ သင်္ကန်း (၁၁)စုံ၊   အိပ်ယာလိပ်(၁၁)စုံနှင့် ၀တ္ထုငွေများအား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခင်လေးဝင်း(ပြန်/ဆက်)