ညောင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲပြုလုပ်

ညောင်ဦး ဇူလိုင် ၁၁

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရောက်ရှိမည့် အာဇာနည်နေ့အထိမ်းအမှတ် ပညာပေးဟောပြောခြင်းနှင့်ကျောင်းသား/သူများ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းသိရှိစေရန် ညောင်ဦးမြို့ အခြခံပညာအထက်တန်းကျောင်း(မြို့မ)၌ ယနေ့နံနက် ၉ နာရီအချိန်က ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ဝင်းမှ ဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၌ အဖွင့်အမှာစကားပြာကြားပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်စန်းယုမော်(လက်ထောက်ညွှန်ကြားရေးမှူး)က လူငယ်ဘက်စုံဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပညာပေးဟောပြောခြင်း၊ ဒေါ်သူဇာစိုး (ဦးစီးအရာရှိ)က (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အာဇာနည်နေ့တို့မမေ့ခေါင်းစဉ်ဖြင့် ပညာပေးဟောပြောဆွေးနွေးပြီး၊ ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းစိုးက စားသုံးသူအရေးကာကွယ်ပေးခေါင်းစဉ်ဖြင့် ကျောင်းသား/သူများအားပညာပေးဟောပြောကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှစီစဉ် ပြသထားသည့် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ နံရံကပ်ပြဘုတ်နှင့် ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းပါဝင်စောက်ရှောက်ပေး နံရံကပ်စာစောင်တို့အား ပြသပေးရာ ကျောင်းသား/သူများစိတ်ဝင်တစားကြည့်ရှုကြကြောင်း သိရသည်။

ဒီပါလင်း