သုံးခွ ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား/သူများနှင့် မြို့နယ်နေပြည်သူများ မိုးရာသီကာလရောက်ရှိလာပြီဖြစ်သောကြောင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းကို စာသင်ကျောင်းများနှင့် ရပ်ကွက်များတွင် ယမန်နေ့နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သုံးခွမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ၊ ရပ်ကွက်နေပြည်သူများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်လှလှကိုးနှင့် ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွားရောက်၍ ခြင်ဆေးဖျန်းခြင်း (ဖုံး၊ သွန်၊ လဲ၊ စစ်) ရေစည်၊ ရေအိုး၊ ရေကန်များထဲသို့ အဘိတ်ဆေးခတ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျာင်းသား/သူများနှင့် ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အဘိတ်ဆေးခပ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများက ကျန်ရှိနေသော စာသင်ကျောင်းများ၊ ရပ်ကွက်များသို့လည်း ဆက်လက်ကွင်းဆင်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)