ပန်ဆိုင်း(ကြူကုတ်)မြို့နယ်၌ အသက်(၈၅)နှစ် အထက်သက်ကြီးဘိုးဘွားများကို လူမူရေးပင်စင်ထောက်ပံ့ပေးအပ်

ပန်ဆိုင်း ဇူလိုင် ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိုင်းမြတ်အောင်ကြီးကြပ်မှုဖြင့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်လူမှု၀န်ထမ်းဦးစီးဌာန၏ ပထမသုံးလပတ်ရန်ပုံငွေဖြင့် ပန်ဆိုင်း(ကြူကုတ်)မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက်ရှိ သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ရန်ပုံငွေ တစ်ဦးလျှင်ကျပ်(၃၀၀၀၀/)ကျပ်စီကို ဇူလိုင်လ ၁၀ ရက်နေ့တွင် အိမ်တိုင်ရာအရောက်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါကျေးရွာများမှာ ပန်ဆိုင်းမြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်၊ မုံးပေါ်အုပ်စုမှကျေးရွာများ၊ ကျိန်းယန်းတုံကျေးရွာအုပ်စု၊ ဖိုင်ကောင်းကျေးရွာအုပ်စု၊ နမ့်တောင်းကျေးရွာအုပ်စုတို့မှကျေးရွာများဖြစ်ပြီး စုစုပေါင်းကျေးရွာ(၈)ရွာမှ သက်ကြီးဘိုးဘွား(၇၆)ဦးတို့အား ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေး၀န်ထမ်းများမှတစ်ဆင့် အိမ်တိုင်ရာရောက်အဘိုးအဘွားများလက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ပန်ဆိုင်း(ပြန်/ဆက် )