မြစ်သား ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် (၉)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ် သီတာအောင်က ကလေးအလုပ်သမားများလျော့နည်းစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ကလေးသူငယ်များ၏ အခွင့်အရေးများကို သိရှိနားလည်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ကလေးအလုပ်သမားနှင့်ပတ်သက်သည့် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားပပျောက်ရေးအရေးကြီးပုံအကြောင်း၊ ကလေးအလုပ်သမားများ လျော့နည်းပပျောက်အောင် ကလေးများကို အကာအကွယ်ပေးရမည့်အကြောင်းအရာများကို အကျယ်တဝင့် ဟောပြောခဲ့သည်။
ထို့နောက် စာအုပ်ပြပွဲကို ဆက်လက်ပြုလုပ်ရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ပရိသတ်များက မိမိတို့နှစ်သက်ရာ စာအုပ်များကို စိတ်ပါဝင်စားစွာ ကြည်ရူ့လေ့လာခဲ့ကြောင်း သိရသည်။
သီတာအောင်(မြစ်သား)