တကောင်း ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျန်းမာရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူးဦးဇော်လင်းနိုင်နှင့် ဝန်ထမ်းများ၊ နယ်မြေ စခန်းမှူး ရဲအုပ်အောင်ကိုဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်စာရေး ဝန်ထမ်းများက အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများအား တွေ့ဆုံ၍ ကလေးငယ်များတွင် အဖြစ်များဆုံတွေ့ရှိရသည့် အဆုတ်အအေးမိ(နမိုးနီးယား)ရောဂါသည် နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်ပူခြင်းတို့မှစတင်သည့် ရောဂါဖြစ်သဖြင့် ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ နှာစေခြင်း၊ ချောင်းဆိုးပြီး အသက်ရှုမြန်သည့် လက္ခဏများတွေ့ရှိပါက အချိန်နှင့် တပြေးညီ နီးစပ်ရာ ဆေးရုံ/ ဆေးခန်းများသို့ သွားရောက်ကုသမှုခံယူ ရန်လိုအပ်ကြောင်းစသည့် ကျန်းမာရေးအသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် တကောင်းမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း၊ အ. လ. က (မြို့မ) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူ (၁၄၇၅)ဦးအား နှာခေါင်းစည်း (Mask) (၁၅၀၀)ခုအားဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)