လဲချားမြို့နယ် အ​-မ-က(ဟိုနောင်လုံကျေးရွာ)ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

လဲချား ဇူလိုင် ၁၁

အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည် ဉာဏ်သွေး တိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ ယနေ့ နံနက်(၁၀) နာရီအချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အခြေခံပညာမူလတန်းကျောင်း(ဟိုနောင်လုံကျေးရွာ)ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာအေးမှ အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (စာကြည့်တိုက်လက်ထောက်-၃) ဒေါ်ပိုပိုအောင်မှ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်သော ကျောင်းသား/ သူများဖြစ်စေရန်၊ ကျောင်းပညာရေးတွင်သာမက ဘက်စုံထူးချွန်သော ကျောင်းသား/ သူများဖြစ်ထွန်းလာစေရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတ စာအုပ်၊ စာစောင်များကို ဖတ်ရှု့လေ့လာသင့်သည်ဟု အသိပညာပေးဟောပြောခဲ့ကာ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းည်းကမ်း၊ သဘာဝဘေးအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)