ခိုလမ်မြို့၊ အ.မ.က(နောင်ပနေ)ကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်

ခိုလမ် ဇူလိုင် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အ.မ.က (နောင်ပိန်)ကျောင်းတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ နယ်လှည့်ကွင်းဆင်း ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ဖြူဖြူ‌သော်က အာဇာနည် ခေါင်းဆောင်ကြီးများ၏ အကြောင်းများ၊ အာဇာနည်‌နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ အာဇာနည်နေ့အဓိပ္ပာယ်ဖွင့်ဆိုချက် စသည့်အကြောင်းအရာများ ဗဟုသုတရစေနိုင်ရန်အတွက်  ဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာ ကျောင်းသား/ကျောင်းသူများအား (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရှိရသည်။

နေလင်းထွန်း(ပြန်/ဆက်)