နွားထိုးကြီးမြို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နွားထိုးကြီး  အောက်တိုဘာ ၁၂

နွားထိုးကြီးမြို့၊ ဒုရဲမှူး မြစိုးနှင့်အဖွဲ့သည် မှုးယစ်ဆေးဝါးသတင်းအရ အမှတ်(၁)ရပ် ကွက်အတွင်းရှိ ဆေးရုံ၏ အရှေ့ဘက်လမ်းကြား၌ ယမန်နေ့ ညနေ ၁၇ နာရီအချိန်တွင် စောင့်ဆိုင်း နေစဉ် နွားထိုးကြီးမြို့ အမှတ်(၄) ရပ်ကွက်နေ ငွေစိုး မောင်းနှင်လာသော ၃၇ယ/---- နံပါတ်ပါ  SUNBO -125 ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ရာ ငွေစိုး၏ယာဘက်လက်အတွင်း ဆုပ်လျှက် ကိုင်ဆောင်ထားသော ကမ္ဘာလုံးတံဆိပ်ပါ အပြာရောင်ကပ်ခွာအိပ်အတွင်းမှ စာတန်းမပါ ပန်းရောင် စိတ်ကြွရှုးသွပ် ဆေးပြား (၈၅)ပြား၊အလေးချိန်(၈.၅)ဂရမ်ခန့်အား  ရှာဖွေတွေ့ရှိခဲ့သဖြင့် သက်သေ များ ရှေ့တွင် ရှာဖွေသိမ်းဆည်း ဆောင်ရွက်ခဲ့ပြီး ငွေစိုးမှ ဆေးပြားများအား ယနေ့ညနေ (၃)နာရီ အချိန်ခန့်က မလှိုင်မြို့နယ် သမန်းကန်ကျေးရွာ အနီး နွားထိုးကြီး - မလှိုင်သွား ကာလမ်းပေါ်တွင် အမည်မသိ အမျိုးသမီးထံမှ ၎င်းသုံးစွဲရန်နှင့်ပြန်လည်ရောင်းချရန် ဝယ်ယူခဲ့ကြောင်းသိရသဖြင့် မူးယစ်ဆေးဝါး နှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအား သုံးစွဲရန် နှင့်ပြန်လည်ရောင်းချရန် အတွက်လက်ဝယ်ထားရှိသူ ငွေစိုးအား အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သန်းအောင်ဇော်