ကျေးသီး အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးနှင့် မဲရုံလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲ သင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို Test kit ဖြင့် စစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)ခန့်က အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမောင်မောင် မြတ်ဗိုလ်သူ၊ မြို့နယ်သူနာပြုအဆင့်(၁) ဒေါ်နန်းဆိုင်ဆာနှင့် ကျန်းမာရေးဝန်ထမ်းများက အထူးရဲသင်တန်းသားများအား အာခေါင်တို့ပတ် နမူနာရယူပြီး ငါးဦးတစ်ကြိမ် Test kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိစစ်ဆေးခဲ့ရာ အဆိုပါသင်တန်းသား (၆၀) ဦး တွင် ရောဂါပိုးမတွေ့ရှိ (Negative)ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။
သဲစုပိုင် (ပြန်/ဆက်)