လဲချားမြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ

လဲချား ဇူလိုင် ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်ခန့်က ဒေါက်တာမတင်ဝင်း ရေးသားသော “ပညာလိုလျှင် ပျိုမျစ်တယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ် ဦးစီးအရာရှိဒေါ်ခင်ချိုထွေးက စာဖတ်ဝိုင်းများပြုလုပ်ခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းများဖြစ်ပေါ်လာစေရေး၊ လူငယ်များအနေဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် စာဖတ်ဝိုင်းများကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် (Book Club) အသင်းဥက္ကဋ္ဌဒေါ်ရွှေဝတ်မှုံမှ (၁) ပညာရကြောင်း အကြောင်းရှစ်ပါးခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Youth Club) အဖွဲ့ဝင် မဖြူစင်ကျော်မှ ပညာသင်တယ်ဆိုတာ လူဖြစ်အောင်ထုဆစ်တာဖြစ်တယ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအေးချမ်းခိုင်မှ ပညာရေးဆိုတာ ရှင်သန်စေခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊မဖြူစင်နှင်းမှ အောင်မြင်ခြင်းကိုဆောင်သောအားငါးပါး စသည့်အကြောင်းအရာများကို အသီးသီးဆွေးနွေးပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လဲချား မြို့နယ် (ပြန်/ဆက်)