သပိတ်ကျင်း ဇူလိုင် ၁၀
၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် "အာဇာနည်နေ့" အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၂) နာရီအချိန်က မန္တလေးတိုင်းဒသကြီး၊ သပိတ်ကျင်းခရိုင် သပိတ်ကျင်းမြို့ ကဘဲ့ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲကို သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ ၀င်ရောက်ယှဥ်ပြိုင်ခဲ့ကြရာ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "တို့များမမေ့နိုင် ၁၉ ဇူလိုင်" ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူ (၁၀)ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "မမေ့စဉ်လာ အာဇာနည်နေ့အချိန်ခါ" ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူ ( ၂၀) ဦး၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "လေးမြတ်ဂုဏ်ရည်အာဇာနည်" ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူ (၅) ဦး၊ အလယ်တန်းအဆင့်ကဗျာပြိုင်ပွဲတွင် "အာဇာနည်မြတ်မမေ့အပ်" ခေါင်းစဉ်ဖြင့်ကျောင်းသား ကျောင်းသူ (၂၀)ဦး၊ အထက်တန်းအဆင့်ကဗျာပြိုင်ပွဲတွင် "သမိုင်းမော်ကွန်းတည် ကိုးဦး အာဇာနည်" ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူ (၅) ဦး ၊ ဆောင်းပါးပြိုင်ပွဲတွင် အထက်တန်းအဆင့် "အာဇာနည်နေ့နှင့် အမျိုးသားရေးတာဝန်" ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ (၅) ဦး စုစုပေါင်း (၆၅) ဦး ၀င်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲများအား သပိတ်ကျင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာစမ်းနှင့် ကြီးကြပ်ဆရာမများက အနီးကပ် ဆောင်ရွက်ပေးခဲ့ပြီး ဆုရရှိသော ကျောင်းသားကျောင်းသူများအား ဆုများအသီးသီး ဆက်လက်ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)