မိုင်းနောင်မြို့တွင် မဲဆန္ဒရှင် စာရင်းကပ်ထားကြေညာထားရှိမှုများအား ကွင်းဆင်းစစ်ဆေး

မိုင်းနောင်   အောက်တိုဘာ  ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အတွင်းရှိ ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် (နောက်ဆုံးအကြိမ်) မဲဆန္ဒရှင်အမည်စာရင်း ကပ်ထားကြေညာထားရှိမှုများအား ကျေးသီးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့မှ အဖွဲ့ဝင်များက ယမန်နေ့ နေ့လည်ပိုင်းအချိန် က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ အဖွဲ့ဝင်များသည် ရပ်ကွက်/  ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားသည့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသည့် ပြည်သူများ၏မဲဆန္ဒရှင် အမည်စာရင်းများအား ကြည့်ရှုစစ်ဆေးပြီး မဲစာရင်းတွင်အမည်မပါဝင်သူများ၊ မပါဝင်သင့်သူများ ပါဝင်နေခြင်း၊ အချက်အလက်မှားယွင်းနေမှုများအား သတ်မှတ်ပုံစံများဖြင့် ဖြည့်သွင်းဆောင်ရွက် နိုင်ရေးနှင့်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

မိုင်းနောင်မြို့အတွင်းတွင် မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာ(၁၇)ရွာရှိရာ မဲရုံစုစုပေါင်း (၃၂)ရုံထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း(၃၀၇၉၁)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မိုင်းနောင် (ပြန်/ဆက်)