သာစည်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူ ၂၇၀ အား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ

သာစည် ဇူလိုင် ၁၁

မန္တလေးတိုင်းဒေသကြီး သာစည်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသူရိယခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ကျောင်းသား/သူ ၂၇၀ ကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ယခုနှစ်မှ ကျောင်းစတင်တက်ရောက်သည့် KG ကျောင်းသား/သူလေးများနှင့် ယခင်ပညာသင်နှစ်က  အကြောင်းအမျိုးမျိုးဖြင့် ဆေးထိုးရန်ကျန်သည့်   ကျောင်းသား/သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးပြီး နှစ်ကြိမ်နှင့်အထက် ထိုးနှံပြီးသည့် ကျောင်းသား/သူများအား  ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံပေးခြင်းဖြစ်ပြီး ကျန်ရှိနေသော ကျောင်းသား/သူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးလှထွန်းနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စိုင်းဇေယျာမျိုးတို့က သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ကျန်ရှိနေသော အခြေခံပညာကျောင်းများတွင်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။         

မြို့နယ်ပြန်/ဆက်