ဒဂုံမြောက် ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် ယမန်နေ့ နေ့လယ် ၁ နာရီက (၇၆) နှစ်မြောက် အာဇာနည်နေ့အကြို စာစီစာကုံး၊ ကဗျာရွတ်နှင့် ပောာပြောပွဲတို့ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါ (၇၆) နှစ်မြောက် အာဇာနည်နေ့အကြို စာစီစာကုံး၊ ကဗျာရွတ်ပြိုင်ပွဲများကို မြို့နယ် အတွင်းရှိ အလယ်တန်းအဆင့် ကျောင်းသား/သူ (၂၀) ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်ဦးစီးမှူးဦးစီးအရာရှိ ဒေါ်မြင့်မြင့်ရီက အာဇာနည်၏စိတ်ဓာတ်၊ အာဇာနည်ခေါင်းဆောင်ကြီးများ အသက်၊ သွေး၊ ချွေးတို့ဖြင့် နိုင်ငံ လွတ်လပ်ရေးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး အာဇာနည်ကြီးများ ရယူပေးခဲ့သည့် လွတ်လပ်ရေးကို အစဉ်ထိန်းသိမ်းကာကွယ် စောင့်ရှောက် သွားကြရန် လိုအပ်ပုံတို့ကို ဟောပြောခဲ့ပြီး နံရံကပ်စာစောင်၊ စာအုပ်ပြပွဲတို့အား ကျောင်းသား ကျောင်းသူများမှ စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ