မိုင်းခတ် အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အသက်၁၅နှစ်အောက် ကလေးများကို (တတိယအကြိမ်) အမီလိုက်ကာကွယ်ဆေးထိုး/ဆေးတိုက်ပေးခြင်းကို ယနေ့နံနက် ၉နာရီအချိန် က စတင်၍ အမှတ်(၁)ရပ်ကွက် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမများနှင့် အရန်သားဖွားဆရာမများ၊ စေတနာ့ဝန်ထမ်း များပူးပေါင်းပြီး မိသားစုလိုက်စာရင်းရေးသွင်းကောက်ယူပြီး အသက်၁၅နှစ်အောက် ကလေးငယ်များ စုစုပေါင်း (၁၂၅)ဦးကို အမီလိုက်ကာကွယ်ဆေးထိုး/ဆေးတိုက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မိုင်းခတ်မြို့နယ် ရပ်ကွက်၊ကျေးရွာ/အုပ်စုများအတွင်းရှိ အသက်၁၅နှစ်အောက် ကလေးများအား သတ်မှတ်ထားသည့် ရက်စွဲများအလိုက် အစီအစဉ်များချ၍ အမီလိုက်ကာကွယ်ဆေးများ ထိုးနှံတိုက် ကျွေးပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မိုးဒေ (ပြန်/ဆက်)