မိုးနဲ ဇူလိုင် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၏ဦးဆောင်မှုဖြင့် ပန်းဝါသနာရှင်များ ပန်းအလှပြင်ဆင်ခြင်း သင်တန်းကို ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမနေရာ၌ သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းအလှပြင်သင်တန်းကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သွယ်သွယ်ဇင်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီတို့မှ သင်တန်းသူ စုစုပေါင်း(၂ဝ)ဦး တက်ရောက်ကြကာ ပန်းအလှပြင် ဆရာမ နန်းစောမြနန္ဒာက အိမ်တွင်းခန်း၊ ဧည့်ခံပွဲများ၊ မင်္ဂလာပွဲများ၊ အခမ်းအနားများနှင့် လက်ဆောင်ပန်းအလှ ပြင်ဆင်ခြင်းနည်းကို နှစ်ရက်ကြာ အခမဲ့လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ