ပြင်ဦးလွင်မြို့တွင် ၂၀၂၃ - ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ပြင်ဦးလွင်၊ ဇူလိုင် ၁၀       

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရတို့ ပူးပေါင်းကျင်းပသော ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ၂၀၂၃-ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက်(၇:၃၀)နာရီက ပြင်ဦးလွင်မြို့ရှောင်လမ်း၊ မိုင်တိုင်အမှတ် (၈ /၄ မှ ၈/၅)အကြား၌  ကျင်းပပြုလုပ်သည်။

အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင်  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ပြင်ဦးလွင် တပ်နယ်မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊  ခရိုင်/မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း အင်အား(၁၅၀၀)ဦးခန့်တို့မှ ပူးပေါင်း၍  ချယ်ရီပင် (၂၀၀၀)ပင် နှင့်  စိန်ပန်းပင် ( ၁၀၀၀) ပင်တို့အား  စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။ 

ခရိုင် (ပြန်/ဆက်)