မိုင်းငေါ့မြို့ ကွန်‌ကောက်ကျေးရွာတွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

မိုင်းငေါ့ အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကလေးငယ်များကျန်းမာသန်စွမ်း‌စေရန်နှင့် ကူးစက်ရောဂါ တို့မှ ကင်းဝေစေရန်ရည်ရွယ်၍ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယမန့် နေ့နံနက်(၁၀)နာရီ  အချိန်ခန့် က မိုင်းငေါ့မြို့ ကွန်ကောက် ကျေးရွာ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများတွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး များ ဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ အသည်းရောင်းအသားဝါ (B)ပိုး၊ ဦးနှောက်မြှေးရောင်၊ (၅)မျိုးစပ် ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ (၁၁)မျိုး အပြင်းထန်ဝမ်းပျက် ဝမ်းလျှော ဖြစ်စေတတ်သော (Rota)ကာကွယ်ဆေးကိုပါ တိုက်ကျွေးကြောင်းနှင့် ကလေးငယ်များအား ပေါင်ချိန်၍ ကိုယ်အလေးချိန် မှတ်တမ်းရယူခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများမှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် လက်ကိုစနစ်တကျဆေးရန်၊ (mask)နှာခေါင်းစည်းများ   တပ်ဆင်လာကြရန်စသည့် အသိပညာများ ပြောကြား ပေးကြောင်းနှင့် ပုံမှန်ကာကွယ်ဆေးကို ကွန်ကောက်၊ ကွန်ကျင်၊ မန်လွယ်ကျေးရွားများမှ ကလေးငယ်စုစုပေါင်း (၁၅)ဦးမှ လာ‌ရောက်ထိုးနှံလျက်ရှိပြီး ပုံမှန်ကာကွယ်ဆေးကို တစ်လလျှင် (၁)ကြိမ် ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့၊ ပြန်/ဆက်)