တနိုင်းမြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူ(Book Club) အဖွဲ့ဝင်များ စာဖတ်ဝိုင်း ကျင်းပ

တနိုင်း ဇူလိုင်  ၁၀

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များ ဇူလိုင် ၈ ရက်နေ့ နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

ရှေးဦးစွာ စာအုပ်စာစောင်ချစ်မြတ်နိုးသူအဖွဲ့ဝင် ဆရာကောင်းဇင်သော်မှ စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်းနှင့် စာဖတ်ခြင်း၏ အလေ့အကျင့်ကောင်းများ၊ စာဖတ်ခြင်းဆိုတာ​ကျောင်းက သင်တဲ့စာကိုလှည့်ဖတ်တာကို မရည်ညွှန်းပါကြောင်း၊ စာဖတ်ခြင်းသည် လူအများစုတွင် ခုံမင်စွဲလမ်းတတ်သော ဝါသနာတစ်ခုဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများနှင့် စာရေးဆရာခင်လေးမြင့်(မြစ်ကြီးနား)၏ "လက်ချည်းမပြန်ချင် " စာအုပ်ဖြစ် စာဖတ်ဝိုင်းကိုဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းကို စာပေဝါသနာရှင် စာဖတ်သူများတိုးပွားလာစေရန်၊ စာဖတ်သူအချင်းချင်း ဗဟုသုတများဖလှယ်နိုင်စေရန်၊ စာဖတ်ဝိုင်းဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်းဖြင့် လူငယ်လူရွယ်များစာဖတ်သည့် အလေ့အကျင့်ရှိရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ပန်းအိ (တနိုင်း)