တန့်ယန်းမြို့နယ်တွင် ကိုယ်ရည်ကိုယ်သွေး ထိန်းသိမ်းခြင်းအကြောင်း လူငယ်စကားဝိုင်းကျင်းပ

တန့်ယန်း ဇူလိုင် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကိုယ်ရည်ကိုယ်သွေး ထိန်းသိမ်းခြင်းအကြောင်း လူငယ်စကားဝိုင်းကို ဇူလိုင်လ ၈ ရက်နေ့ နံနက် ၁၀ နာရီက အမှတ်(၃)ရပ်ကွက်ရှိ နယ်စပ်ဒေသတိုင်ရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲ အခမ်းနားတွင် နယ်စပ်ဒေသ တိုင်ရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးသီဟဖြိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းအိအိဖြူက လူငယ်စကားဝိုင်းကျင်းပရခြင်း အကြောင်းကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် အကျင့်စာရိတ္တ တိုးတက်မြင့်မားစေရန် ကိုယ်ရည်ကိုယ်သွေးထိန်းသိမ်းခြင်းအကြောင်းကို နယ်စပ်ဒေသ တိုင်ရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများဖြစ်သည့်  မလွေးအီပိန်၊ မောင်သန့်ဇင်ဦး၊ မဝါဝါဝင်းရွှေ၊ မလွေးအမ်သိန်းဝင်း၊ မနန်းဝါဝါအောင်၊ မောင်စိုင်းစွမ်ပွန်းမောဝ်၊ မောင်ညီတူး၊ မောင်နိုင်သန်းထွန်းတို့က ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)