မောက်မယ် ဇူလိုင် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူလူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်၊ နေ့ကြီး ရက်ကြီးများမမေ့အပ် စေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကျောင်းတွင်း အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲကို အခြေခံပညာအလယ် တန်းကျောင်း(ခွဲ)စျေးတန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲများတွင် အ.လ.က(ခွဲ)စျေးတန်းမှ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “မမေ့စဉ်လာအာဇာနည်နေ့အချိန်အခါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် “အာဇာနည်မြတ်မမေ့အပ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “တို့များမမေ့နိုင် ၁၉ ဇူလိုင် ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင် “အာဇာနည်နေ့တို့ မမေ့” ခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၀၆ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ ကြပြီး ဆုရရှိသူများအား ၁၄−၇−၂၀၂၃(၇၆)နှစ်မြောက် အာဇာနည်နေ့အကြို ဟောပြောပွဲ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)