မိုင်းတုံ ဇူလိုင် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ နောင်ပါရင်ရပ်ကွက်၊ အ.ထ.က မိုင်းတုံစာသင်ကျောင်းရှေ့တွင် စိုက်ထူထားသော လူကုန်ကူးမှုတားဆီးကာကွယ်တိုက်ဖျက်ရေး Bill Board အား အစားထိုးလဲလှယ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀:၀၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ မိုင်းတုံအခြေချစစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး၊ မိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်းကျော်၊ မိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုး၊ မြို့နယ်ရဲမှူး ဦးမြင့်အောင်နှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများမှ လူကုန်ကူးမှူတားဆီးကာကွယ်ရေးအသိပညာပေး Bill Board အား ကြည့်ရှုခဲ့ကြပြီး အခမ်းအနားကို နံနက် ၁ဝ နာရီ ၂၀ မိနစ်အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
မျိုးကျောစိုး(ပြန်/ဆက်)