လဲချား ဇူလိုင် ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (နောင်မိန်း)ကျောင်းတွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် အာဇာနည်နေ့ဟောပြောပွဲတွင် ဆရာမဒေါ်အေးအေးကြူမှ ကျောင်းသား/သူများအနေဖြင့် နေ့ထူးနေ့မြတ်များကို မမေ့ပျောက်စေရန်နှင့် မြတ်နိုးတန်ဖိုးထားတတ်စေရန် အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အာဇာနည်ကိုးဦး၏ ကိုယ်ရေးအတ္ထုပ္ပတ္တိများကို အကျယ်တဝင့် ပြောကြားခဲ့သည်။ ယင်းနောက် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲတွင် အထက်တန်းဆင့် (၁၂)ဦး၊ အလယ်တန်းဆင့် (၁၁)ဦး၊ မူလတန်းအဆင့် (၁၂)ဦး စုစုပေါင်း (၃၅)ဦးတို့သည် သတ်မှတ်ခေါင်းစဥ်များဖြင့် အသီးသီး ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။
လဲချား(မြို့နယ်ပြန်/ဆက်)