မက်မန်း ဇူလိုင် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် ပန်းတိမ်မနိုင်ပန်းများ လှိုင်လှိုင်ပေါ်ချိန် ရောင်းဝယ်ရာ၌ ဈေးကောင်းရ၍ ပန်းစိုက်တောင်သူများ အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
မက်မန်းမြို့နယ်အတွင်း၌ “ဝ” ၊ လွယ်လှ၊ လားဟူ၊ မွန်နိုး၊ ရှမ်း၊ တိုင်းရင်းသားများ စုပေါင်းနေထိုင်ကြရာ ဒေသခံတိုင်းရင်းသား အများစုသည် တောင်ယာလုပ်ငန်း၊ ခြံလုပ်ငန်းဖြင့် သာအသက်မွေးဝမ်းကျောင်း ပြုကြသည်။
“မြို့နယ်အတွင်း ပန်းတိမ်မနိုင်ပန်းများစိုက်ပျိုးခြင်းကို ယမန်နှစ်ကစ၍ စမ်းသပ်စိုက်ပျိုးကြည့်ရာ ရာသီဥတုနှင့် ကိုက်ညီသဖြင့် စိုက်ပျိုးဖြစ်ထွန်းပါကြောင်း၊ ပန်းတိမ်ငို ၁၀ ခက်ကို ၃၀၀၀ ကျပ် ခန့် ရောင်းရကြောင်း လှိုင်လှိုင်ပေါ်ချိန်ဖြစ်သဖြင့် ဈေးကောင်းရကြ၍ စိုက်ပျိုးတောင်သူများ အပိုဝင်ငွေရရှိကာ မိသားစု စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စများအား အထောက်အကူဖြစ်၍ အဆင်ပြေလျက်ရှိကြကြောင်း ” ကွန်းဟောင်းကျေးရွာမှ ပန်းစိုက်တောင်သူတစ်ဦးက ပြောကြားကြောင်း သိရသည်။
အေးဝင်းစိုး(ခရိုင်၊ပြန်/ဆက်)