နမ့်ဆန် ဇူလှိုင် ၁၀
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဌာနမှ ကျောင်းကျန်းမာရေးပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံ ပညာအထက်တန်းကျောင်း(အ.ထ.က-၂)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မာကြူက ကျန်းမာရေး ပညာပေးအနေဖြင့် စနစ်မှန်သွားတိုက်နည်းအကြောင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ ပိုးလောက် လမ်းနှိမ်နှင်းခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းတို့အား လက်တွေ့ဆောင်ရွက် လုပ်ကိုင်ခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး နည်းလမ်းများ အကြောင်းရှင်းလင်း ပြောကြားခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခတ်၊ လောင်း၊ ထောင်၊ ဖွင့်၊ စွန့်/မြှပ်၊ ရှင်း၊ မှုတ် စကာလုံးအရှည်ကောက်အဓိပ္ပါများကို ရှင်းလင်းခြင်း၊ ရေကန်၊ ရေစည်၊ ရေပုံး၊ ရေအိုး စသည့်ပစ္စည်းများတွင် အဘိတ်ဆေးခတ်ရမည့် အတိုင်းအတာများအကြောင်း ရှင်းလင်း ပြောကြားခြင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိကိုယ်ကိုယ်၊ မိမိအိမ်ရှိ မိသားစုဝင်များ အိမ်နီးနားချင်းများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးသွားရောက်စစ်ဆေးရန် စသည်ဖြင့် ရှင်းလင်းပြောကြားကာ ကျောင်းသား/ကျောင်းသူများဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)