တန့်ယန်း ဇူလိုင် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်ကြီးမှူး၍ ပန်းဝါသနာရှင်များအတွက် ပန်းအလှပြင်ဆင်ခြင်းသင်တန်းကို ဇူလိုင်လ ၇ ရက်နေ့က အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးခဲ့သည်။
အဆိုပါ ပန်းအလှပြင်သင်တန်းအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီတို့မှ သင်တန်းသူစုစုပေါင်း (၂၅) ဦး တက်ရောက်ကြကာ ဆရာမ ဒေါ်အမ်းနော်နှင့် ဒေါ်နန်းခမ်းနုတို့က မိမိတို့အိမ်နှင့် ဧည့်ခံပွဲများ၊ မင်္ဂလာပွဲများ၊ အခမ်းအနားများနှင့် လက်ဆောင်ပန်းအလှ ပြင်ဆင်ခြင်းအတတ်ပညာကို ဇူလိုင်လ ၇ ရက်နှင့် ၈ ရက် စုစုပေါင်း နှစ်ရက်အား မေတ္တာစေတနာဖြင့် အခမဲ့ သင်ကြားလေ့ကျင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)