သီပေါမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် Online Shopping နှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ရင်ဆိုင်ကြုံတွေ့ရသည့် အချက်များအား အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

သီပေါ ဇူလိုင် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် (၁၀)နာရီက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club) အမျိုးသမီးအသင်း(Women Club)တို့ ပူးပေါင်း၍ Online Shopping နှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ရင်ဆိုင်ကြုံတွေ့ရသည့် အချက်များအား အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက  အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား ခဲ့ပြီးနောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လင်းလင်းထွန်းက Online Shopping နှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ရင်ဆိုင်ကြုံတွေ့ရသည့် အချက်(၇)ချက်ကို အသေးစိတ် အသိပညာပေးဆွေးနွေးခဲ့ရာ ဆွေးနွေးပွဲတက်ရောက်လာသူများက သိရှိလိုသည့် အကြောင်းအရာများအား မေးမြန်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနှင့် အဆိုပါ အသိပညာပေးဆွေးနွေးပွဲများကို ဌာနဆိုင်ရာများ၊ စာပေဝါသနာရှင်များ၊ ဖွဲ့စည်းထားသော Club အသင်းအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လစဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)