မုံးကိုး ဇူလိုင် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားတိရစ္ဆာန်များအတွက် ခွာနာလျှာနာအတွက် FMD ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ထိုးနှံပေးကြောင်းကို သိရှိခဲ့ရပါသည်။
အဆိုပါ ကျွဲ၊ နွားတိရစ္ဆာန်များအတွက် FMD ခွာနာလျှာနာကာကွယ်ဆေးထိုးနှံပေးရာသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လုပ်သားကျန်းမာရေး ဦးနော်ဆန်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မွေးမြူရေးလုပ်ကိုင်ကြသူများ လာရောက်ကြည့်ရှု့ခဲ့ကြသည်။
အဆိုပါ ခွာနာလျှာနာ၏ ရောဂါအမျိုးအစားမှာ ကျွဲ၊ နွား တိရစ္ဆာန်များအတွက် ကူးစက်ရောဂါအမျိုးအစားဖြစ်ပြီး ရောဂါဖြစ်ပွားမှုအချိန်တွင် အစာရေစား စားသောက်ခြင်းလည်းမရှိ၊ ငယ်ရွယ်သော ကျွဲနွားတိရစ္ဆာန်ဖြစ်ပါက သေဆုံးနိုင်ချေရှိသော ရောဂါအမျိုးအစား ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မွေးမြူသူများအနေဖြင့် အထူးသတိပြုရမည် ဖြစ်သည်။ ထို့ကြောင့် ခွာနာလျှာနာကင်မဲ့ဇုံဖြစ်ရန် ကျေးရွာအလိုက် သွားရောက်ထိုးနှံပေးမည်ဖြစ်ကြောင်းကိုလည်း သိရှိခဲ့ရပါသည်။ ဤကဲ့သို့ ကာကွယ်ဆေးထိုးနှံပေးနိုင်ခြင်းဖြင့် မွေးမြူသူများအတွက် အထိရောက်ဆုံးကာကွယ်ပေးခြင်းသာမက ဆုံးရှုံးမှုနစ်နာမှုမရှိတော့မည်ဖြစ်ကြောင်းကို သိရပါသည်။ ထို့အတွက်ကြောင့် မွေးမြူးသောသူများကို အသိပညာပေးပြီးနောက်တွင် FMD ခွာနာလျှာနာရောဂါကာကွယ်ဆေးကို ထိုနှံပေးခဲ့ကြောင်းကို သိရပါသည်။ အဆိုပါရောဂါကာကွယ်ဆေးကို ၆ လတစ်ကြိမ် ထိုးနှံးရပြီး ကျွဲ၊ နွားအကောင်ရေ ၂၈၅ ကောင်ကို ထိုးနှံပေးခဲ့ကြောင်းကိုလည်း သိရပါသည်။ ဆက်လက်၍လည်း ကျေးရွာများသို့ ဆက်လက်သွားရောက်ပညာပေးပြီး ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်းကိုလည်း သိရှိခဲ့ရပါသည်။
မေစံပယ်ဖူး(မုံးကိုး)