မိုင်းပန်မြို့နယ်၌ ကွန်ပျူတာအခြေခံနှင့် စာစီစာရိုက်သင်တန်းဖွင့်လှစ်

မိုင်းပန် ဇူလိုင် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဒေသခံပြည်သူများ၊ လူငယ်လူရွယ်များ ကွန်ပျူတာကျွမ်းကျင်တတ်မြောက် စေရန်အတွက် ကွန်ပျူတာအခြေခံနှင့် စာစီစာရိုက် သင်တန်းကို မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၈ နာရီအချိန်က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် သင်တန်းနည်းပြ ဦးကျော်သက်ဝင်းမှ သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် သင်ကြားပေးသွားမည့် သင်ခန်းစာများကိုလည်းကောင်း၊ သင်တန်းကို တနင်္ဂနွေနေ့မှအပ ကျန်သည့်နေ့ရက်များ၌ နံနက်(၈)နာရီမှ ညနေ(၈)နာရီအထိ မိမိအားလပ်သည့်အချိန်တွင် (၁)ရက်လျှင် (၁)နာရီနှုန်းဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းအား ယနေ့နံနက်ပိုင်းမှစ၍ ဩဂုတ်လ (၁၀)ရက်နေ့အထိ (၁)လ ဖွင့်လှစ် သင်ကြား‌ပေးသွားမည်ဖြစ်ပြီး သင်တန်းသူ/သားစုစုပေါင်း (၂၀)ဦး စာရင်းသွင်းထားလျက် ရှိကြောင်း သင်တန်းနည်းပြထံမှ သိရသည်။

နော်မှိုင်း(ပြန်/ဆက်)