မိုင်းတုံ ဇူလိုင် ၉
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် လူမှုဝန်ထမ်းဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူငယ်တို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီ ၃၀မိနစ်အချိန်က လူငယ်စကားဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်မှ လူငယ်စကားဝိုင်းပြု လုပ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် တန်းဖိုးရှိသော လူငယ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ထွေးမှ ကလေးသူငယ်အခွင့်အရေးများနှင့် လူငယ်၏ကျင့်ဝတ်စည်းကမ်းများ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးကျော်ဇင်လတ်က လူငယ်နှင့်အားကစားတို့ဖြင့် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်သဲအိနန္ဒာကျော်က လူငယ်တို့၏ ဆိုးကျိုး၊ G-10 မှ မမြတ်နိုးခမ်း လူငယ်နှင့်စရိတ္တခေါင်းစဉ်ဖြင့် လည်းကောင်း၊ G-10 မှ မရတီချစ်စုလွင်က လူငယ်တွေဖွံ့ဖြိုးစေဖို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်သုခချစ်စုံက လူငယ်တို့၏ အနာဂတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမေသင်းကြည်က လူငယ်၏ တန်းဖိုးခေါင်းစဉ်တို့ဖြင့် အသီးသီး ဆွေးနွေးခဲ့ရာတွင် ဆွေးနွေးမှုခေါင်းစဉ်တိုင်းကို အပြန်အလှန် ဆွေးနွေးပေးခဲ့ကြကြောင်း သိရှိရသည်။
မျိုးကျော်စိုး(မိုင်းတုံ၊ပြန်/ဆက်)