ဘူးသီးတောင် ဇူလိုင် ၉
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် (၈)နာရီအချိန်က ဘူးသီးတောင်မြို့၊ အထကလက်ဝဲဒက်ပုဇွန်ချောင်းကျောင်း၌ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ စစ်သည်ရဲမေများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ အမှတ်(၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူလူထုများပူးပေါင်း၍ စုစုပေါင်းအင်အား (၂၅)ဦးဖြင့် ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပစေရေး၊ အမှိုက်များရှင်းလင်းခြင်း၊ ခြုံနွယ်/ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ပြီး အ.ထ.က လက်ဝဲဒက်ပုဇွန်ချောင်းကျောင်း၌ လိုအပ်သည်များကို ဆရာ/ဆရာမများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ဘူးသီးတောင်တပ်နယ် လက်ဝက်ဒက်ဘော်ဒါဆောင်၌ ကျောင်းသား၊ ကျောင်းသူများအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များ ပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူများအား နေ့လယ်စာ ဒံပေါက်ဖြင့် အာဟာရဖြည့် ကျွေးမွေးကာ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လယ်စာအတူ စားသောက်၍ စည်းကမ်းများလိုက်နာပြီး ပညာရေးထူးချွန်စွာ အောင်မြင်နိုင်သည်အထိ ကြိုးစားသင်ယူကြရန် အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ်၊ မြို့နယ်လျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ဓာတ်အားခွဲရုံအားသွားရောက်ရာ မြို့နယ်လျှပ်စစ်တာဝန်ခံ ဦးကျော်ခင်မှ ရသေ့တောင်မြို့မှ ဘူးသီးတောင်မြို့သို့ (၆၆KV) ဓာတ်အားလိုင်းဓာတ်အားခွဲရုံသို့ ရောက်ရှိမည့် အခြေအနေများ ဘူးသီးတောင်မြို့နယ်အတွင်း ဖီဒါ(၄)ခုမှ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်မည့်အခြေအနေများနှင့် ဘူးသီးတောင်မြို့မှ မောင်တောမြို့သို့ (၆၆KV) ဓာတ်အားလိုင်းဖြင့် လျှပ်စစ်ဓာတ်အား ဆက်လက် ဖြန့်ဝေပေးမည့် အခြေအနေများအား ရှင်းလင်းရာ ရသေ့တောင်မြို့၌ ဇူလိုင်(၅)ရက်နေ့မှစ၍ လျှပ်စစ် ဓါတ်အားရရှိပြီးဖြစ်၍ ဘူးသီးတောင်မြို့နယ်သို့ ဆက်လက်ဖြန့်ပေး၊ လျှပ်စစ်ဓါတ်အား လက်ခံနိုင်ရေး လိုအပ်ချက်များအား ကြိုတင်ပြင်ဆင်ထားရှိနိုင်ရန် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပါက လျှပ်စစ်အန္တရာယ် ကင်းဝေးရေးအတွက် ဆောင်ရွက်ကြရန် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)