တာချီလိတ်မြို့၌ ပြည်သူ့ဆေးရုံရှိ အောက်စီဂျင်ထုတ်စက် ပြန်လည်ပြုပြင်နိုင်ရန် ငွေကျပ်သိန်း ၂၃၀ နှင့် ဝန်ထမ်းများအတွက် ကြက်ဥလှူဒါန်း

တာချီလိတ် ဇူလိုင် ၉

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ပြည်သူ့ဆေးရုံရှိ အောက်စီဂျင်ထုတ်စက် ပြန်လည်ပြုပြင် နိုင်ရန် ငွေကျပ်သိန်း ၂၃၀ နှင့် ဝန်ထမ်းများအတွက် ကြက်ဥလှူဒါန်းခြင်းကို ခရိုင်ပြည်သူ့ဆေးရုံ၌ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့လှူဒါန်းရာတွင် စစ်ဗျူဟာအခြေချ (တာချီလိတ်)မှ ဗိုလ်မှူးကြီး သူရဇော်လွင်စိုးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် တာဝန်ရှိသူတို့ကခရိုင်ဆေးရုံကြီးတွင် တာဝန် ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ကြက်ဥများပေးအပ်လှူဒါန်းခြင်းနှင့် ကိုဗစ် ကာလအတွင်း အသုံးများ၍ ပြုပြင်ရန်လိုအပ်နေသော အောက်စီဂျင်ထုတ်စက်အား ပြန်လည်ပြုပြင် နိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ပြည်သူများက လှူဒါန်းသော ငွေကျပ်သိန်း ၂၃၀ အား ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနိုင်ထံ ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် စစ်ဗျူဟာအခြေချ(တာချီလိတ်)မှ ဗိုလ်မှူးကြီး သူရဇော်လွင်စိုးနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် တာဝန်ရှိသူတို့သည် နယ်မြေခံတပ်မတော်သားများ၊  ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေး အသင်းအဖွဲ့များက ဆေးရုံကြီးဝင်းအတွင်းရှိ အဆောက်အဦးနှင့် မလွတ်ကင်းသော သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းများအတွင်းရှိ အမှိုက်များဆယ်ယူခြင်းနှင့် ခြင်ဆေးဖျန်းခြင်းတို့အား စုပေါင်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)