ပုသိမ်ကြီးမြို့နယ် အုန်းချော အ.ထ.က ကျောင်း၌ မြို့နယ်မီးသတ်ဦးစီးဌာနက အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများဆောင်ရွက်

ပုသိမ်ကြီး ဇူလိုင် ၈

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် အန္တရာယ်ကြုံတွေ့ပါက လက်တွေ့လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး၊ ယမန်နေ့နံနက် ၁၀ နာရီက အုန်းချော အ.ထ.ကကျောင်းရှိ ပင်မခန်းမဆောင်တွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့်က တက်ရောက်လာသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား မီးဘေးအန္တရာယ်၊ သဘာဝဘေးနှင့်ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအား ရှင်းလင်းပြောကြားပြီး၊ ယခုတက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများအား မီးသတ်ဦးစီးဌာနမှ ပြည်သူ့ အကျိုးပြုလုပ်ငန်းများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့မှု စသည့်အကြောင်းများကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်မှပေးအပ်ထားသည့် ရှာဖွေကယ်ဆယ်ရေးသုံး Hydraulic Rescue Tools ပစ္စည်းများအသုံးပြုပုံ၊ လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ စသည်တို့အား ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာဖြင့် သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးဦးမင်းသန့်နှင့်တပ်ဖွဲ့ဝင်များ၊ အုန်းချောကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)