မြင်းခြံ ဇူလိုင် ၈
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အမှတ်(၄)ရပ်ကွက်၌ ယမန်နေ့နံနက် (၈) နာရီအချိန်မှ စတင်ကာ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မြင်းခြံမြို့နေ ပြည်သူများ စားဝတ်နေရေးနှင့် ချက်ပြုတ်စားသောက်မှုကိစ္စများ တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေနိုင်ရန်အတွက် မီးဖိုချောင်သုံး စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရာ တစ်ဦးလျှင် စားအုန်းဆီ တစ်ပိဿာကို (၄၄၀၀) ကျပ်ဖြင့် ရောင်းချပေးလျက်ရှိသည်။ အဆိုပါ စားအုန်းဆီရောင်းချရာတွင် Mobile ကားဖြင့် ရပ်ကွက်/ကျေးရွာနေ ပြည်သူများအား လက်ဝယ်အရောက် ဈေးနှုန်းချိုသာစွာဖြင့် လိုက်လံရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)