ပုဗ္ဗသီရိမြို့နယ် အ.ထ.ကခွဲ မင်္ဂလာဒီပ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကောင်စီကတိသစ္စာခံယူပွဲ အခမ်းအနားကျင်းပ

ပုဗ္ဗသီရိ ဇူလိုင် ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်အတွင်းရှိ အထကခွဲ မင်္ဂလာဒီပ၌ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် ကျောင်းကောင်စီကတိသစ္စာခံယူပွဲ အခမ်းအနား ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားကို အ.ထ.ကခွဲ မင်္ဂလာဒီပကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ကျောင်းကောင်စီသီချင်း သံပြိုင်သီဆို ဖွင့်လှစ်ခဲ့သည်။ ထို့နောက်  ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ဇင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောင်းကောင်စီအမှုဆောင် အဖွဲ့အမည်စာရင်းအား ဖတ်ကြားကြေငြာခဲ့ရာ ကျောင်းကောင်စီ အမှုဆောင်အဖွဲ့နှင့် ကျောင်းသား၊ ကျောင်းသူများမှ ကတိသစ္စာ ခံယူခဲ့သည်။ ဆက်လက်၍ ကျောင်းအုပ် ဆရာမကြီးဒေါ်ကြည်ကြည်ဇင်မှ တာဝန်အထိမ်းအမှတ်အလံများအား ကျောင်းကောင်စီအမှုဆောင်အဖွဲ့ထံသို့ ပေးအပ်ခဲ့ပြီး နိုင်ငံတော်သီချင်းအား စုပေါင်းသံပြိုင်သီဆို ခဲ့သည်။

အဆိုပါ ၂၀၂၃-၂၀၂၄ ခုနှစ် ကျောင်းကောင်စီအမှုဆောင်အဖွဲ့ကို ကျောင်းအုပ်ဆရာမကြီးနှင့်တကွ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၁) ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ကောင်းမွန်သာယာညီညာ ပျော်ရွှင်တိုးတက်ဖွံ့ဖြိုးသော ကျောင်းတစ်ကျောင်းဖြစ်လာစေရန်၊ ကောင်းမွန်သောအလေ့အထများ ရရှိစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် ဆောင်ပုဒ်မှာ စုပေါင်းညီညာအောင်ကြောင်းဖြာအများ အကျိုးဆောင် ကိုယ့်အကျိုးအောင် ဖြစ်ကြောင်း သိရသည်။

လှိုင်မြင့်(ပြန်/ ဆက်)