မြောက်ဥက္ကလာပ ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာကြည့်တိုက်အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက အ.လ.က(၁)ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာဦးသိန်းဝင်းဇော်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦးအကြောင်းကို ရှင်းလင်းဟောပြောခဲ့ပြီး မြို့နယ် ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်မြမြဝင်းက စာကြည့်တိုက်ဆိုင်ရာ အကြောင်းအရာများ၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်း၊ ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးအကြောင်းအရာများ၊ ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမား အသက်အရွယ်နှင့်ပတ်သက်ပြီး ရပိုင်ခွင့်များနှင့် ပြဌာန်းထားရှိသည့် ဥပဒေများ စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ် ပြန်/ဆက်ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများအား အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ကလေးအလုပ်သမားအသိပညာပေးနံရံကပ်စာစောင်နှင့် လူကုန်ကူးမှု အသိပညာပေးလက်ကမ်းစာစောင်များကို ပြသခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)