ဒဂုံတောင် ဇူလိုင် ၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ယနေ့နံနက် (၁၀)နာရီက (၇၆)နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့နှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ဗဟုသုတရရှိစေမည့် အကြောင်းအရာများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ စွမ်းစွမ်းတမံ ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် ဇူလိုင်လ (၁၉)ရက်နေ့တွင် လွမ်းဆွတ်တမ်းတ၍ ဂုဏ်ပြုအလေးပြု အခမ်းအနားကျင်းပပုံများနှင့် ဆုံးရှုံးခဲ့ရသည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးကို အမှတ်ရ၍ နိုင်ငံတော်အကျိုးဆ ထက်တစ်ပိုး သယ်ပိုးဆောင်ရွက်သင့်ပုံများ အစရှိသည်တို့ကို ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက်မှာတော့ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ သိရှိလိုသည့် အာဇာနည်နေ့နှင့် ပတ်သက်သော ဗဟုသုတရဖွယ် အကြောင်းအရာများအား ဖြေကြားပေးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး အခမ်းအနားသို့ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်အေးမြင့်ခိုင်၊ ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးနှင့် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ စုစုပေါင်း(၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။
သက်မင်းဟန်(ဒဂုံတောင်)