မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး‌ဟောပြောပွဲ ဆောင်ရွက်

မိုင်းလုံ ဇူလိုင် ၇

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အသိပညာပေး‌ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်ခန့်တွင် ဟောပြောခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် အထက်တန်းပြဆရာမ ဒေါ်ဝင့်ဇာလီအောင်ကနှစ်စဉ် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားများကျင်းပရခြင်း၏ သမိုင်းကြောင်းမှာ အာဇာနည်နေ့သည် နှစ်စဉ်ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်သော မြန်မာနိုင်ငံ၏ နိုင်ငံတော်အဆင့် အောက်မေ့ဖွယ်အထိမ်းအမှတ်နေ့ တစ်ရက်ဖြစ်ကာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် နိုင်ငံရေးတွင် အလွန်အရေးပါသော ခေါင်းဆောင်ကြီး ၈ ဦးနှင့် ကိုယ်ရံတော်တစ်ဦး လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးသည့်နေ့ကို အာဇာနည်နေ့သက်မှတ်ပြီး ထိုနေ့တွင် အစိုးရရုံးများ၊ ဈေးဆိုင်များကိုပိတ်၍ နိုင်ငံတော်အလံကိုတိုင်တစ်ဝက်၌ လွှင့်ထူထားကာ နှစ်စဉ်ကျင်းပခဲ့ကြောင်းကို ဟောပြောခဲ့ပြီးနောက် အထက်တန်းပြဆရာမ ဒေါ်အေးနုခိုင်က အာဇာနည်နေ့တွင် ‌ကျင်းပသည့် အခမ်းအနားအ‌ကြောင်းကို အပြည့်အစုံ ရှင်းလင်းပြောဟော‌ပြောခဲ့ကြောင်း သိရသည်။

အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား အာဇာနည်နေ့နှင့် သက်ဆိုင်သောစာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ဆောင်ရွက်ပေးမည့်အကြောင်းကို  ကျောင်းအုပ်ဆရာမကြီးထံက သိရသည်။    

ဇော်ဇော်(ပြန်/ဆက်)