တွံတေးမြို့နယ် သာယာဋ္ဌေးကျေးရွာ ကုန်ထုတ်လမ်းပေါ်၌ ကွန်ကရစ်တံတားတစ်စင်းတည်ဆောက်

တွံတေး   ဇူလိုင်  ၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရန်ကုန်ပါဒကျေးရွာအုပ်စု၊ သာယာဋ္ဌေးကျေးရွာ ကုန်ထုတ်လမ်းပေါ်တွင် ကျေးလက်နေ ပြည်သူများ၏ ဒေသထွတ်ကုန်များ အချိန်နှင့်တစ်ပြေးညီ သယ်ယူပို့ဆောင်နိုင်ရန်နှင့် စိုက်ပျိုးမြေများ ရေအလွယ်တကူရရှိစေရန်အတွက် ကွန်ကရစ်တံတားတစ်စင်းကို ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင် ရွက်ပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

တွံတေးမြို့နယ် မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ်တွင်  တွံတေးမြို့နယ်အတွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးရွာကုန်ထုတ်မြေ သားလမ်းကိုဆောင်ရွက်ပြီးစီးခဲ့ပြီးသာယာဋ္ဌေးကျေးရွာ ကျေးရွာမြေသားကုန်ထုတ်လမ်းကို ဆောင်ရွက်ရာတွင် ( Lime Stabilization Method) အရှည် (၀ / ၆ မိုင် အကျယ် ၁၂ပေ  အမြင့် ၃ ပေ) ရှိမြေသားလမ်းကို ခန့်မှန်းကုန်ကျငွေကျပ်သန်း(၁၀၀) ဖြင့် ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း သိရသည်။

သာယာဋ္ဌေးကျေးရွာသည် ယခင်က သီးခြားလမ်းမရှိဘဲ လှည်းလမ်း၊ခြံလမ်းများမှတစ်ဆင့် သွားလာရသော ကျေးရွာတစ်ရွာဖြစ်ကာ ယခုအခါ ကုန်ထုတ်မြေသားလမ်းကို ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်ထောင်စုဘတ်ချက်ရန်ပုံငွေဖြင့် ဖော်ဆောင်ပေးနိုင်သည့်အတွက် ဒေသ၏ အဓိကထွတ်ကုန်ဖြစ်သော ဝါးအမျိုးမျိုး၊ ကွမ်း၊ သခွား၊ ရှောက်ရွက်၊ ခဝဲ၊တိုင်ထောင်ပဲ၊ ခရမ်းသီး၊ မုန်လာ၊နာနတ်၊  ဂွေးတောက်ရွက်နှင့် ဆောင်းသီးနှံများ၊ ဝါးအခြေခံပစ္စည်းများဖြစ်သောလက်မှုလုပ်ငန်းများဖြစ်သော တောင်း၊ ဇာကာ၊ကွမ်းခြင်း၊ ကွမ်းခြံတိုင်များ ဒေသ၏ ထုတ်ကုန်များကို ယခုကုန်ထုတ်မြေသားလမ်းသစ် ပြီးစီးသွားသည့်အတွက် ဒေသထွတ်ကုန်များ အချိန်နှင့်တစ်ပြေးညီ တွံတေး၊ ရန်ကုန်နှင့် အခြားမြို့များသို့ လွယ်လင့်တကူ သွားလာနိုင်ပြီဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

အဆိုပါ ကုန်ထုတ်မြေသားလမ်းသစ်ဖော်ဆောင်ပေးနိုင်သည့်အတွက် ကျေးလက်နေပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများ ယခင်ကနဲ့မတူ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။ သာယာဋ္ဌေးကျေးရွာသည် အိမ်ခြေ(၁၃၈)အိမ်၊ လူဦးရေ( ၅၅၂)ဦး နေထိုင်ကာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်ကြကြောင်းသိရသည်။

ယင်းကုန်ထုတ်လမ်းပေါ်ရှိ ကွန်ကရစ်တံတားကိုကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရှည် ၆၀ပေ၁၄ပေ ၁၂ပေ တံတားကိုငွေကျပ်(၁၄၇.၀၀ သန်း)အကုန်ကျခံကာကျေးလက်ဒေသ

ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါတံတားပြီးစီးသွားပါက ကျေးရွာ(၃)ရွာရှိ စိုက်ဧက(၈၀)ဧက ကိုအကျိုးဖြစ်ထွန်းစေမှာဖြစ်ကြောင်းသိရသည်။ တံတား စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ -နည်းပညာ ဦးပြည့်စုံမောင်မောင်နှင့်အဖွဲ့က အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တွံတေးသား