ကျောက်မဲမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ရှေးဦးအရွယ်က လေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (ECCD) သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ကျောက်မဲ ဇူလိုင် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (ECCD)  သင်တန်းဆင်းပွဲအခမ်းအနားကို  ယမန်နေ့နံနက်ပိုင်းကအစီအစဉ်နှစ်ပိုင်းဖြင့် ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ သင်တန်းလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျောက်မဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးကအဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်မြင့်ဦး၊  ဒုရဲမှူးနိုင်ထွန်းသူနှင့် တာဝန်ရှိသူများက သင်တန်းသား/သူများအား အသီးသီးပေးအပ်ခဲ့ကြသည်။

ယင်းနောက် ကျောက်မဲမြို့၊ မေတ္တာမွန်ခန်းမတွင် ယမန်နေ့မွန်းလွှဲ ၁၂ နာရီအချိန်က သင်တန်းဆင်းပွဲအခမ်းအနား ဒုတိယပိုင်းကိုဆက်လက်ကျင်းပခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန ကျောက်မဲခရိုင် ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ သင်တန်းဆင်းပွဲသို့ ကျောက်မဲခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ခင်သူဇာညွန့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်လဲ့လဲ့မြင့် နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်း (၈၀)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းသူ များမှ အကအလှ၊ တေးသီချင်း၊ တေးသရုပ်ဖော်များနှင့် ဖျော်ဖြေဧည့်ခံခဲ့ကြသည်။

ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းများနှင့် ပုဂ္ဂလိက မူကြိုကျောင်းများအနေဖြင့် ကလေးသူငယ် ပြုစုပျိုးထောင်မှုနည်းလမ်းများ သိရှိစေရန်နှင့် နည်းစနစ်မှန်ကန် အသုံးချတတ်စေရန် ရည်ရွယ်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ အဆိုပါရှေးဦးအရွယ်ကလေး သူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ (ECCD)  သင်တန်းကိုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းသို့ကျောက်မဲမြို့နယ်၊ မိုင်းလုံ မြို့၊ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာ၊နောင်ချိုမြို့နယ်၊နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်များတို့မှ သင်တန်းသား/သူ(၃၁)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၂-၆-၂၀၂၃) ရက်နေ့မှ (၅-၇-၂၀၂၃)ရက်နေ့ထိ (၂၁) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)