ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စမ်းချောင်းမြို့နယ်ရှိ ပြည်သူများထံ ထမင်းနှင့် ဟင်းချက်စရာများ ဈေးနှုန်းချိုသာစွာ ရောင်းချပေး

စမ်းချောင်း ဇူလိုင် ၇

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ ကျွန်း‌တော‌မြောက်ရပ်ကွက်၊ ဗဟိုလမ်းရှိဂွ‌ဈေးတွင် ယနေ့နံနက် (၇) နာရီအချိန်၌ ရန်ကုန်တိုင်း‌ ဒေသကြီး အစိုးရအဖွဲ့က၊ စမ်းချောင်းမြို့နယ်ရှိ ပြည်သူများထံ ထမင်းနှင့်ဟင်းချက်စရာများအား‌ ဈေးနှုန်းချိုသာစွာ‌ ရောင်းချ‌ပေးလျှက်ရှိ‌ကြောင်း သိရသည်။

ထိုသို့‌ရောင်းချ‌ပေးရာတွင် ကြက်သား၊ ဝက်သားဖြင့် ထမင်းတစ်ပွဲလျှင် (၈၀၀) ကျပ်နှင့် ကြက်ဥ၊ ပဲသီး၊ ပဲစောင်းလျှားသီး၊ မြင်းခွာရွက်၊ ကြက်ဟင်းခါးသီး၊ ကျောက် ဖရုံသီး၊ ခရမ်းသီးနှင့် ရွှေဖရုံသီးများအား ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျှက်ရှိကြောင်း စမ်း‌ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် သေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်လျှက် ရှိသကဲ့သို့ အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိခြင်းအားဖြင့် ဒေသခံပြည်သူများ စားဝတ်နေရေးချောင်လည်ပြီး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာစေမည် ဖြစ်သည်။

ဦးအေးလင်း