လယ်ဝေး ဇူလိုင် ၇
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အင်းသာ၊ အခြေခံပညာအထက်တန်းကျာင်း(ခွဲ)တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က အမှာစကားပြောကြားသည်။ ထို့နောက်မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) နေပြည်တော်အသင်းခွဲဥက္ကဋ္ဌဦးဇော်အောင်က မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ဆိုးကျိုးများ၊ ဒုတိယဥက္ကဋ္ဌဦးတင်ငွေက မူးယစ်ဆေးဝါးအစ ဆေးလိပ်နှင့်ကွမ်းယာက ခေါင်းစဥ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထိုက်ထိုက်( ပြန်/ဆက်)